အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ဟာ သူ့ရဲ့ ပထမဆုံး ရာသီ ပွဲ ၅၀ မှာ နိုင်ပွဲ ၃၂ ပွဲ အထိ ရယူထားနိုင်ပြီး အရင် နည်းပြဟောင်း အားလုံးထက် သာလွန်တဲ့ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ် ။ အမ်မရီ ဟာ နည်းပြဟောင်း ဂျော့အလီဆွန် ရဲ့ ပထမဆုံး ရာသီ ပွဲ ၅၀ မှာ နိုင်ပွဲ ၂၈ ပွဲ စံချိန်ကို ကျော်ဖြတ်နိုင် ခဲ့တာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း ရဲ့ သက်တော်ရှည် နည်းပြကြီး အာဆင်ဝင်းဂါး တောင်မှ သူ့ရဲ့ ပထမဆုံး ရာသီ ပွဲ ၅၀ မှာ ၂၃ ပွဲသာ အနိုင်ရထားပါတယ် ။
* အာဆင်နယ် အသင်း နောက်ခံလူ ဆိုကရက်တစ် က Sky Sports Italia နဲ့ အင်တာဗျူးမှာ နာပိုလီ အသင်း နဲ့ ပွဲ မှာ တစ်သင်းလုံးရဲ့ ခံစစ် ကစားပုံဟာ အ ရမ်း ကောင်း မွန် ခဲ့ ကြောင်း ချီး ကျူး သွား ခဲ့ ပါ တယ် ။ ဒါ့အပြင် ဆိုကရက်တစ် က ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ နဲ့ တော့တင်ဟမ် အသင်းရဲ့ အထက် အဆင့်သုံးနေရာမှာ ရပ်တည်ဖို့ ရည်မှန်းထားကြောင်း ဆိုပါတယ် ။
* နာပိုလီ အသင်း တိုက်စစ်မှူး မာတင်စ် က အာဆင်နယ် အသင်းဟာ သူတို့ အသင်းထက် ပိုကောင်းတဲ့ အသင်း တစ်သင်း မဟုတ်ကြောင်း နဲ့ လန်ဒန်မှာ ကစားတုန်းက ပထမပိုင်း စွမ်းဆောင်ရည်ကြောင့် ယူရိုပါလိဂ် ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရတာ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။
* အမ်မရီ က ဆီမီးဖိုင်နယ် မှာ အသင်းဟောင်း ဗလန်စီယာ နဲ့ ကစားရမယ့် အပေါ် ” သူတို့က အသင်းကောင်း တစ်သင်း ဖြစ်ပြီး ကစားသမားကောင်းတွေလည်း ရှိပါတယ် ။ ကျနော်တို့ အတွက် ခက်ခဲမယ့် ပွဲတစ်ပွဲ လို့ ဆို ရ မှာ ပါ ။ ” လို့ မှတ်ချက် ပေး သွား ခဲ့ ပါ တယ် ။
* အာဆင်နယ် အသင်းခေါင်းဆောင် ကော့စီရယ်နီ ကတော့ အီတလီ မြေမှာ ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူး သွားခဲ့ပြီး လက်ကျန် ပွဲအားလုံးကို ဗိုလ်လုပွဲလို သဘောထားပြီး ကစားဖို့ အသင်းဖော်တွေကို တိုက်တွန်း သွားခဲ့ပါတယ် ။
* ဂန်းနား တို့ရဲ့ ဂန္တဝင် ဂိုးသမား ဒေးဗစ်ဆီးမန်း ဟာ အာဆင်နယ် အသင်းရဲ့ တိုက်စစ် ကစားပုံဟာ ကောင်းမွန်ပေမယ့် ခံစစ် ကစားပုံကတော့ ပွဲတိုင်းနီးပါး အပိုင်အခွင့်အရေး လေး၊ငါးကြိမ်လောက် ပြိုင်ဘက်ကို ပေးနေရတာကြောင့် ပါးပါးနပ်နပ် ရှိဖို့ လို အပ် နေ သေး ကြောင်း ထောက်ပြ သွားခဲ့ပါတယ် ။
* Goal ရဲ့ ဖော်ပြချက် အရ အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ မှာ အသုံးစရိတ် ယူရို သန်း ၈၀ သာ ရ ရှိ မယ် လို့ သိ ရ ပါ တယ် ။ ဒါကြောင့် အာဆင်နယ် အသင်းဟာ ယူရို သန်း ၇၀ ဝန်းကျင် တန်ကြေး ရှိတဲ့ ဘာစီလိုနာ နောက်ခံလူ အမ်တီတီ ခေါ်ယူနိုင်ဖွယ် မရှိဘူးလို့ သတင်းတွေက ဖော်ပြ နေကြပါတယ် ။
* အာဆင်နယ် အသင်းဟာ ရာသီကုန်ရင် ဂျုဗင်တပ်စ် အသင်းကို ပြောင်းရွှေ့ တော့မယ့် ကွင်းလယ်လူ ရမ်ဆေး နေရာ အစားထိုးဖို့ ဟော့ဖန်ဟိမ်း ကွင်းလယ်လူ ဒီမာဘေး ( Demirbay ) ကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်ထားတယ်လို့ ဂျာမန် သတင်းစာ တစ်စောင်ဖြစ်တဲ့ Bild က ဖော်ပြလိုက်ပါတယ် ။ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျာမနီ လက်ရွေးစင် ကစားသမား ဒီမာဘေး ဟာ ယခုနှစ် ရာသီမှာ လေးဂိုး သွင်းယူထားပြီး ရှစ်ဂိုး ဖန်တီးပေးထားပါတယ် ။
* အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ကတော့ BT Sport နဲ့ အင်တာဗျူးမှာ ရမ်ဆေး ဟာ ကြွက်သား ဒဏ်ရာ ရရှိ သွား ခဲ့ တာ ဖြစ် ကြောင်း နဲ့ ရက် သတ္တပတ် အနည်းငယ် အနားယူ ရ ဖွယ် ရှိ နေ ကြောင်း ပြော ကြား လိုက် ပါ တယ် ။
* အာဆင်နယ် အသင်း နဲ့ ဗလန်စီယာ အသင်းတို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ကို မေလ ၂ ရက်နေ့ အမ်းမရိတ်ကွင်းမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ဒုတိယ အကျော့ကိုတော့ မေလ ၉ ရက်နေ့မှာ မက်စ်တဲလား မှာ ယှဉ်ပြိုင် ကစားသွားကြမှာပါ ။
* နာပိုလီ အသင်းနဲ့ ပွဲမှ အာဆင်နယ် အသင်း ကစားသမားများရဲ့ rating များ
———————————————————–
ပီတာဆက်ခ်ျ ( ၇ ) ၊ ဆိုကရက်တစ် ( ၇ ) ၊ မိတ်လန်နိုင်းလ်စ် ( ၈ ) ၊ ကော့စီရယ်နီ ( ၇ ) ၊ မွန်ရီရဲလ် ( ၅ ) ၊ ကိုလာစီနက် ( ၆ ) ၊ ရှာကာ ( ၇ ) ၊ ရမ်ဆေး ( ၇ ) ၊ တော်ရီးယား ( ၆ ) ၊ လာကာဇက် ( ၈ ) ၊ အူဘာမီယန်း ( ၅ ) ၊ အီဝိုဘီ ( ၆ ) ၊ မီခီတာရန်း ( ၆ ) ၊ အယ်နီနီ ( ၅ ) ။
SPORTS MYANMAR



Comments
Post a Comment