ဇာဗီ အလွန်ဆို က ပြီးခဲ့တဲ့ ရာသီရဲ့ ချန်ပီယံလိဂ် ဒုတိယ ဆုရှင်ဟာ လီဗာပူး အသင်းဟာ ဒီရာသီ မှာတော့ ချန်ပီယံလိဂ် ဖလား ကို သိမ်းပိုက် နိုင်စွမ်း ရှိတယ်လို့ ယုံကြည် နေပါတယ်။ ယာဂန်ကလော့ ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ၁၁ လ လောက်က ကိယက်မှာ ရီးရဲယ်မက်ဒရစ် အသင်းရဲ့ ၃ – ၁ နဲ့ အနိုင်ယူခြင်းကို ခံခဲ့ ရကာ ဒုတိယဆုနဲ့ ကျေနပ် ခဲ့ရပေမယ့်လည်း ဒီရာသီ မှာတော့ ကလော့ရဲ့ အသင်းဟာ ဒီအရှုံး ကနေ အကောင်းဆုံး ပုံစံနဲ့ ပြန်လည် ရုန်းထွက် ပြခဲ့ကာ လက်ရှိ မှာတော့ ဆီမီးဖိုင်နယ် အဆင့်မှာ ဘာစီလိုနာ အသင်းနဲ့ တွေ့ဆုံ နေပါတယ်။
အလွန်ဆို ဟာ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က လီဗာပူး နဲ့ အတူ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူး နိုင်ခဲ့သူ ဖြစ်ပြီး စပိန် ကွင်းလယ်လူဟောင်းက လက်ရှိ လီဗာပူး အသင်းဟာ လီယွန်နယ် မက်ဆီရဲ့ ဘာကာကို မကျော်ဖြတ် နိုင်စရာ အကြောင်း မရှိဘဲ သူတို့လိုပဲ ချန်ပီယံဆုကို ကိုင်မြှောက် နိုင်မယ်လို့ ယုံကြည် ထားပါတယ်။
အလွန်ဆို က “အမှန်ပါပဲ။ ဘာလို့ ဗိုလ်မစွဲ နိုင်ရမှာလဲ ? သူတို့ဟာ ပြီးခဲ့တဲ့ ရာသီက အတွေ့အကြုံ တွေလည်း ရှိထား ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီက ဖိုင်နယ်မှာ ရှုံးခဲ့တာကြောင့် ဒီတစ်ကြိမ်မှာ ဆာလောင်မှု ၊ စိတ်ဆန္ဒ ပိုမိုပြင်းထန် နေပါတယ်။ သူတို့ဟာ အကောင်းဆုံး ကစား နိုင်ပါတယ်။ ၂ ကျော့ ကစား ရတဲ့ ပွဲတွေမှာ လီဗာပူး ဟာ ကမ္ဘာပေါ်က ဘယ်အသင်းကို မဆို အနိုင်ယူ နို်င်စွမ်း ရှိပါတယ်။
ဒါဟာ တစ်ဦး တစ်ယောက်ချင်းရဲ့ စွမ်းဆောင်ရည်ကြောင့် မဟုတ်ပါဘူး။ လီဗာပူး နဲ့ ပက်သက်ပြီး ကောင်းတဲ့ အရာ ကတော့ သူတို့ဟာ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ် အတွင်း အသင်းတစ်သင်းကို တည်ဆောက် ခဲ့တဲ့ အိုင်ဒီယာ တွေကိုလည်း တည်ဆောက် ခဲ့ပါတယ်။
ဒါ့ကြောင့်လည်း သူတို့ရဲ့ ခြေစွမ်း ဒီလောက် ငြိမ်နေတာပါ။ သူတို့ဟာ ကစားသမား ၁၁ ယောက်တည်း မဟုတ်ပါဘူး။ အရန်ခုံက ကီတာ ၊ လယ်လာနာ နဲ့ စတားရစ်ခ်ျ တို့လည်း ရှိနေတာကြောင့် သူတို့ဟာ ဘယ်ပွဲ မဆို ကစား နိုင်စွမ်း ရှိတဲ့ ကစားသမား ၁၄ ၁၅ ယောက်လောက်ကို ပိုင်ဆိုင် ထားပါတယ်။ ဒါဟာ မန်နေဂျာ အတွက် အကြီးမားဆု့း အင်အား ဖြစ်ပါတယ်။
ကျွန်တော် ကတော့ ဒီအသင်းဟာ အရမ်းကို ကောင်းတဲ့ အသင်းလို့ ထင်မိပြီး ဒါဟာ အဓိကကျတဲ့ အရာပါ။ မန်နေဂျာ ကလော့ဟာ မယုံနိုင်စရာကို လုပ်ပြ နေပါတယ်။ ကျွန်တော် သူလုပ်နေတဲ့ အရာတွေကို တကယ် လေးစားပါတယ်။” လို့ ဆိုသွား ပါတယ်။
လီဗာပူးဟာ ပြည်တွင်းမှာ ဆိုရင်လည်း ပထမဦးဆုံး ပရီးမီးယားလိဂ် ဖလား အတွက် တိုက်ပွဲ ၀င်နေပြီး အလွန်ဆို က ကလော့ ရဲ့ အသင်းနဲ့ မန်စီးတီး နှစ်သင်းစလုံးဟာ ဒီဖလား နဲ့ တစ်ကယ် ထိုက်တန်တဲ့ အသင်းတွေ ဖြစ်ကြတယ်လို့ ၀န်ခံ သွားပါတယ်။
အလွန်ဆို က “လီဗာပူးဟာ စီးတီး အထက်မှာ ရပ်တည် သွားနိုင် ပါတယ်။ ဒါပေမယ့် ဒါဟာ အရမ်းကို ကောင်းတဲ့ ပရီးမီးယားလိဂ် ရာသီ တစ်ခုပါ။ ဒါဟာ ကျွန်တော်တို့ တကယ် ကြိုက်တဲ့ ပြိုင်ဆိုင်မှု ပါပဲ။ ဒီလို အဆင့်မှာ အမှတ်တွေ မဆုံးရှုံးဖို့ဟာ အရေးကြီး ပါတယ်။ ဒါပေမယ့် သူတို့ဟာ ကောင်းမွန်တဲ့ အခြေအနေ ရအောင် လုပ်နေ ပါတယ်။ လီဗာပူးဟာ ချန်ပီယံလိဂ် မှာလည်း ဒီလို လုပ်နေတာကြောင့် ဒါဟာ ပိုပြီးတော့တောင် ခက်ခဲ ပါတယ်။
ဘာတွေပဲ ဖြစ်ဖြစ် နှစ်သင်းစလုံးဟာ ချန်ပီယံ ဖြစ်သင့်တဲ့ အပြင် ချန်ပီယံလည်း ဖြစ်နိုင် ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ရာသီကောင်း တစ်ခု ကို ပိုင်ဆိုင် နေလို့ပါ။ လီဗာပူး ရဲ့ နှစ် ဖြစ်လာဖို့တော့ မျှော်လင့် နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စောင့်ကြည့် သွားရတာပေါ့။” လို့ ပြောသွား ပါတယ်။
လီဗာပူးဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဖြစ် လာမည့် မေလ ၁ ရက်နေ့ နူးကမ့်မှာ ဘာစီလိုနာ နဲ့ ပထမ အကျော့ ကို သွားကန် ရမှာ ဖြစ်ပြီး ဒုတိယ အကျော့ကိုတော့ မေလ ၇ ရက်နေ့ အန်ဖီးမှာ ကစား ရမှာ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ကို မက်ဒရစ် မှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
SM




Comments
Post a Comment