အာဆင္နယ္လက္ထဲမွာခ်န္ပီယံလိဂ္ဝင္ခြင့္တေနရာစာ ေရာက္ေနျပီလို႔ ဆိုလိုက္တဲ့ #အူႏိုင္းအမ္မရီ ( Sport Myanmar သတင္းေဆာင္းပါး )
![]() |
| အာဆင္နယ္နည္းျပ အူနုိင္းအြမ္မရီ |
ယေန႔နံနက္ အေစာပိုင္း မွာ ကစားသြားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အာဆင္နယ္ အသင္းက ဝက္ဖို႕ဒ္ အသင္းကို ၁-၀ဂိုးနဲ႔ အေဝးကြင္းမွာ အႏိုင္ရခဲ႔ပါတယ္။တလံုးတည္းေသာဂိုးကို ပြဲအစ ၁၀မိနစ္မွာပဲ ဝက္ဖို႔ဒ္ဂိုးသမား ေဖာ္စတာရဲ႔ အမွားကေန အူဘာမီယန္ က သြင္းယူေပးသြားခဲ႔တာျဖစ္ပါတယ္။
ခ်က္ခ်င္း ဆိုသလုိပဲေတာ္ရဲယားကို ျပစ္ဒဏ္က်ဴးလြန္မိခဲ႔တဲ႔ ဝက္ဖို႕ဒ္တိုက္စစ္မွဴး ဒီေနး ကို ကြင္းလယ္ဒိုင္က အနီကတ္နဲ႔ ထုတ္ပယ္ခဲ႔ လို႔ အာဆင္နယ္တိုု႔ အႏိုင္ရလဒ္ကိုထိန္းႏိုင္ဖို႔ အေျခအေနေကာင္းသြားခဲ႕တာျဖစ္ပါတယ္။ဒီပြဲ အႏိုင္ေျကာင့္ အာဆင္နယ္ အသင္းဟာ ျမိဳ႕ခံျပိဳင္ ဘက္ ခ်ဲဆီးလ္ အသင္းထက္ တပြဲေလ်ာ့ ကစားထားျပီး ဂိုးကြာျခားခ်က္ အသာနဲ႔အဆင့္ေလးေနရာကို ရယူသြားႏိုင္ခဲ႔ပါတယ္။
အာဆင္နယ္ အသင္းဟာ ခ်န္ပီယံ လိဂ္ဝင္ ခြင့္ တေနရာအတြက္ ကိုယ့္ကံျကမၼာကိုယ္ဆံုးျဖတ္ခြင့္ရွိေနျပီ လို႔ နည္းျပ အမ္မရီက ဆိုသြားခဲ႔ျပီး ဆယ္ေယာက္က်န္ ဝက္ဖို႔ဒ္အသင္းကို အခုထက္ပိုေကာင္းတဲ႔ အေနအထားမ်ိဳးနဲ႔ ကစားသြားႏိုင္ခဲ႔သင့္တယ္လို႔ ဝန္ခံသြားခဲ႔ပါတယ္။
ပြဲအျပီး အင္တာဗ်ဴး တခု မွာ အမ္မရီက – – – “အခုဆိုရင္ အမွတ္ေပး ဇယားမွာ က်ြန္ေတာ္တို႔ အသင္းရဲ႕ ရပ္တည္မွဳဟာ အေတာ္ေလးကို အေရးျကီးလာေနပါျပီ။ထိပ္ဆံုး ေလးသင္း ဝင္ႏိုင္ဖို႔ ဟာ က်ြန္ေတာ္တို႔ရဲ႕ လက္ထဲမွာ ရွိေနျပီ ျဖစ္ပါတယ္။က်ြန္ေတာ္တို႔ လိုခ်င္တဲ႔ အေနအထားမ်ိဳးကို သူတို႕ ဂိုးသမားကလုပ္ျပေနခ်ိန္မွာ က်ြန္ေတာ္တို႔အသင္းက ဖိအားေပးႏိုင္ ခဲ႔ပါတယ္။အူဘာမီယန္ ရဲ႕ တုန္႔ျပန္ ပံုဟာ အေတာ္ေလးေကာင္းမြန္ပါတယ္။
ဒါေပမယ့္ အခုထက္ ပိုျပီး ပြဲကိုေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္သင့္ ခဲ႔တယ္လို႔ေတာ့ ထင္ပါတယ္။သူတို႔ အသင္းရဲ႔ ခံစစ္တန္းေတြကို ေက်ာ္ျဖတ္ဖို႔ နဲ႔ ဧရိယာ အတြင္းကို တိုက္စစ္ဆင္ႏိုင္ဖို႕ ကစားသမားတေယာက္ပိုေနတဲ႕ အေနအထားမ်ိဳးမွာလုပ္ႏိုင္ဖို႔ ပိုအေရးျကီးခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္ ၃မွတ္ျပည့္ ရရွိခဲ႔တာေျကာင့္ အေတာ္ေလးကို အေကာင္းျမင္လို႔ရတဲ႔ ရလဒ္တခုလို႔ ထင္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။
ဒီပြဲမွာ အနီကတ္ထိခဲ႔တဲ႔ဝက္ဖို႔ဒ္ အသင္းရဲ႕ တိုက္စစ္မွဴး ဒီေနး ဟာျပီးခဲ႔တဲ႔ ရာသီအတြင္း မွာ အာဆင္နယ္အသင္းသားေတြရဲ႕ ရဲ႔ရင့္မွဳ နဲ႔ သတိၱရွိမွဳ ေတြအေပၚကို ေလွာင္ေျပာင္ေဝဖန္ခဲ႔ဖူးသူျဖစ္ပါတယ္။ဒါ့အျပင္ ဝက္ဖို႔ဒ္အသင္းဟာ အခုပြဲစဥ္မွာအေတာ္ေလးရန္လိုတဲ႔ ပံုစံမ်ိဳးနဲ႔ကစားသြားခဲ႔ပါတယ္။
ဒါေပမယ့္ အမ္မရီကေတာ့ တေယာက္ေလ်ာ့အေနအထားမ်ိဳးမွာေတာင္ ပြဲကို ေကာင္းေကာင္း ခ်ဥ္းကပ္ျပီး လိုက္ေလ်ာ္ညီေထြ ကစာသြားႏိုင္ခဲ႔တဲ႔ ဝက္ဖို႕ဒ္ အသင္းကို ခ်ီးက်ဴးလိုက္ပါတယ္။
အမ္မရီက ဆက္လက္ျပီး – – –
” သူတို႔အသင္းဟာ အေတာ္ေလးကို ရန္လို တဲ႔ ပံုစံမ်ိဳးနဲ႔ ကစားသြားခဲ႔ပါတယ္။သူတို႔ဟာ ပရိသတ္ေတြရဲ႕ အားနဲ႔ ဖိအားေပး ကစားသြားခဲ႔ျပီး က်ြန္ေတာ္တို႔ကလည္း ဒါကို နားလည္ပါတယ္။
သူတို႔ဟာ ကစားသမား တေယာက္ေလ်ာ့အေနအထား မွာေတာင္အေကာင္းဆံုး လုပ္အားႏွဳန္းနဲ႔ ကစားသြားႏိုင္ခဲ႔ပါတယ္။က်ြန္ေတာ္တို႔ အသင္းကို လည္း အေတာ္ေလးကိုဖိအားေပးသြားႏိုင္ခဲ႔ပါတယ္” လို႔ေျပာသြားခဲ႕တာျဖစ္ပါတယ္။
အာဆင္နယ္ အသင္းဟာ ဒီရာသီ မွာ အိမ္ကြင္း ရလဒ္ေကာင္းမြန္ တဲ႔ အသင္းတသင္းျဖစ္ေပမယ့္ အေဝးကြင္းပြဲေတြမွာေတာ့ ဆန္႔က်င္ဘက္ အေျခအေနမ်ိဳးေတြ ျကံုေတြ႔ေနခဲ႔ရတာျဖစ္ပါတယ္။
အခုပြဲစဥ္ မွာ ဂိုးမေပးရခဲ႔တာေျကာင့္ လည္း နည္းျပအမ္မရီလက္ထက္ ပထမဆံုး အျဖစ္ အေဝးကြင္း ပြဲမွာclean sheet ရရွိခဲ႔တာျဖစ္ပါတယ္။အာဆင္နယ္အသင္းဟာ ျကားရက္အတြင္းမွာ ေတာ့ ယူရိုပါလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ အျဖစ္ နာပိုလီ အသင္းကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ရဦးမွာျဖစ္ပါတယ္။
SM
Unicode
အာဆင်နယ်လက်ထဲမှာချန်ပီယံလိဂ်ဝင်ခွင့်တနေရာစာ ရောက်နေပြီလို့ ဆိုလိုက်တဲ့ #အူနိုင်းအမ်မရီ
===============================
ယနေ့နံနက် အစောပိုင်း မှာ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ် အသင်းက ဝက်ဖို့ဒ် အသင်းကို ၁-၀ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။တလုံးတည်းသောဂိုးကို ပွဲအစ ၁၀မိနစ်မှာပဲ ဝက်ဖို့ဒ်ဂိုးသမား ဖော်စတာရဲ့ အမှားကနေ အူဘာမီယန် က သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
ချက်ချင်း ဆိုသလိုပဲတော်ရဲယားကို ပြစ်ဒဏ်ကျူးလွန်မိခဲ့တဲ့ ဝက်ဖို့ဒ်တိုက်စစ်မှူး ဒီနေး ကို ကွင်းလယ်ဒိုင်က အနီကတ်နဲ့ ထုတ်ပယ်ခဲ့ လို့ အာဆင်နယ်တိုု့ အနိုင်ရလဒ်ကိုထိန်းနိုင်ဖို့ အခြေအနေကောင်းသွားခဲ့တာဖြစ်ပါတယ်။ဒီပွဲ အနိုင်ကြောင့် အာဆင်နယ် အသင်းဟာ မြို့ခံပြိုင် ဘက် ချဲဆီးလ် အသင်းထက် တပွဲလျော့ ကစားထားပြီး ဂိုးကွာခြားချက် အသာနဲ့အဆင့်လေးနေရာကို ရယူသွားနိုင်ခဲ့ပါတယ်။
အာဆင်နယ် အသင်းဟာ ချန်ပီယံ လိဂ်ဝင် ခွင့် တနေရာအတွက် ကိုယ့်ကံကြမ္မာကိုယ်ဆုံးဖြတ်ခွင့်ရှိနေပြီ လို့ နည်းပြ အမ်မရီက ဆိုသွားခဲ့ပြီး ဆယ်ယောက်ကျန် ဝက်ဖို့ဒ်အသင်းကို အခုထက်ပိုကောင်းတဲ့ အနေအထားမျိုးနဲ့ ကစားသွားနိုင်ခဲ့သင့်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။
ပွဲအပြီး အင်တာဗျူး တခု မှာ အမ်မရီက – – – “အခုဆိုရင် အမှတ်ပေး ဇယားမှာ ကျွန်တော်တို့ အသင်းရဲ့ ရပ်တည်မှုဟာ အတော်လေးကို အရေးကြီးလာနေပါပြီ။ထိပ်ဆုံး လေးသင်း ဝင်နိုင်ဖို့ ဟာ ကျွန်တော်တို့ရဲ့ လက်ထဲမှာ ရှိနေပြီ ဖြစ်ပါတယ်။ကျွန်တော်တို့ လိုချင်တဲ့ အနေအထားမျိုးကို သူတို့ ဂိုးသမားကလုပ်ပြနေချိန်မှာ ကျွန်တော်တို့အသင်းက ဖိအားပေးနိုင် ခဲ့ပါတယ်။အူဘာမီယန် ရဲ့ တုန့်ပြန် ပုံဟာ အတော်လေးကောင်းမွန်ပါတယ်။
ဒါပေမယ့် အခုထက် ပိုပြီး ပွဲကိုကောင်းကောင်းထိန်းချုပ်နိုင်သင့် ခဲ့တယ်လို့တော့ ထင်ပါတယ်။သူတို့ အသင်းရဲ့ ခံစစ်တန်းတွေကို ကျော်ဖြတ်ဖို့ နဲ့ ဧရိယာ အတွင်းကို တိုက်စစ်ဆင်နိုင်ဖို့ ကစားသမားတယောက်ပိုနေတဲ့ အနေအထားမျိုးမှာလုပ်နိုင်ဖို့ ပိုအရေးကြီးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ၃မှတ်ပြည့် ရရှိခဲ့တာကြောင့် အတော်လေးကို အကောင်းမြင်လို့ရတဲ့ ရလဒ်တခုလို့ ထင်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။
ဒီပွဲမှာ အနီကတ်ထိခဲ့တဲ့ဝက်ဖို့ဒ် အသင်းရဲ့ တိုက်စစ်မှူး ဒီနေး ဟာပြီးခဲ့တဲ့ ရာသီအတွင်း မှာ အာဆင်နယ်အသင်းသားတွေရဲ့ ရဲ့ရင့်မှု နဲ့ သတ္တိရှိမှု တွေအပေါ်ကို လှောင်ပြောင်ဝေဖန်ခဲ့ဖူးသူဖြစ်ပါတယ်။ဒါ့အပြင် ဝက်ဖို့ဒ်အသင်းဟာ အခုပွဲစဉ်မှာအတော်လေးရန်လိုတဲ့ ပုံစံမျိုးနဲ့ကစားသွားခဲ့ပါတယ်။
ဒါပေမယ့် အမ်မရီကတော့ တယောက်လျော့အနေအထားမျိုးမှာတောင် ပွဲကို ကောင်းကောင်း ချဉ်းကပ်ပြီး လိုက်လျော်ညီထွေ ကစာသွားနိုင်ခဲ့တဲ့ ဝက်ဖို့ဒ် အသင်းကို ချီးကျူးလိုက်ပါတယ်။
အမ်မရီက ဆက်လက်ပြီး – – –
” သူတို့အသင်းဟာ အတော်လေးကို ရန်လို တဲ့ ပုံစံမျိုးနဲ့ ကစားသွားခဲ့ပါတယ်။သူတို့ဟာ ပရိသတ်တွေရဲ့ အားနဲ့ ဖိအားပေး ကစားသွားခဲ့ပြီး ကျွန်တော်တို့ကလည်း ဒါကို နားလည်ပါတယ်။
သူတို့ဟာ ကစားသမား တယောက်လျော့အနေအထား မှာတောင်အကောင်းဆုံး လုပ်အားနှုန်းနဲ့ ကစားသွားနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ အသင်းကို လည်း အတော်လေးကိုဖိအားပေးသွားနိုင်ခဲ့ပါတယ်” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ ဒီရာသီ မှာ အိမ်ကွင်း ရလဒ်ကောင်းမွန် တဲ့ အသင်းတသင်းဖြစ်ပေမယ့် အဝေးကွင်းပွဲတွေမှာတော့ ဆန့်ကျင်ဘက် အခြေအနေမျိုးတွေ ကြုံတွေ့နေခဲ့ရတာဖြစ်ပါတယ်။
အခုပွဲစဉ် မှာ ဂိုးမပေးရခဲ့တာကြောင့် လည်း နည်းပြအမ်မရီလက်ထက် ပထမဆုံး အဖြစ် အဝေးကွင်း ပွဲမှာclean sheet ရရှိခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ကြားရက်အတွင်းမှာ တော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အဖြစ် နာပိုလီ အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။
SM








Comments
Post a Comment