ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် ဆာလား ၊ အဂွေးရိုး တို့ကို သတိပေးစကားဆိုလိုက်တဲ့ အူဘာမီယန်း ( Sport Myanmar )

အဂူရို ၊ အော်ဘားမီးယန်း၊ ဆာလာ အာဆင်နယ်

အာဆင်နယ် အသင်း တိုက်စစ်မှူး အူဘာမီယန်း ဟာ ဝက်ဖိုဒ့် အသင်းနဲ့ ပွဲမှာ ဂိုးသမား ဖော်စတာ ရဲ့ အမှားကို အခွင့်ကောင်းယူပြီး ဂန်းနားတို့ အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်း ယူ ပေး နိုင် ခဲ့ သ လို အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိ ခဲ့ပါတယ် ။

အူဘားမီးယန်း Arsenal Player
ဝက်ဖိုဒ့် အသင်းနဲ့ ပွဲမှာ ဂိုးသွင်းယူ နိုင်ခဲ့တာကြောင့် အူဘာမီယန်း ဟာ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၈ ဂိုးအထိ ရှိလာပြီ ဖြစ်ပြီး လီဗာပူး တိုက်စစ်မှူး မာနေး နဲ့ အတူ ဒုတိယ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ပူးတွဲ ရပ်တည် နေပါတယ် ။

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ယခုလက်ရှိ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမားတွေကတော့ မန်ချက်စတာ စီးတီး အသင်း တိုက်စစ်မှူး အဂွေးရိုး နဲ့ လီဗာပူး အသင်း တိုက်စစ်မှူး ဆာလား ( ၁၉ ဂိုး စီ ) တို့ ပဲ ဖြစ် ပါ တယ် ။

အူဘာမီယန်း ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲဆက် ဂိုး ပေါက် ပျောက် ဆုံး နေ မှု ကို အ ဆုံး သတ် နိုင် ခဲ့ တာ ဖြစ် ပြီး ၂၀၁၉ ခုနှစ် အတွင်း အဝေးကွင်း ပွဲ စဉ် တွေ မှာ ဂိုး ပေါက် ပြန် တွေ့ သွား ခဲ့ တာ လည်း ဖြစ် ပါ တယ် ။


အူဘာမီယန်း က Sky Sports နဲ့ အင်တာဗျူးမှာ ရွှေဖိနပ်ဆုကို ရယူနိုင်မယ်လို့ ထင်သလားဆိုတဲ့ မေးခွန်းကို “ဒါပေါ့ ၊ သေချာတာပေါ့ဗျာ ၊ ကျနော် ယုံကြည်မှု အပြည့် ရှိပါတယ် ။ ပြိုင်ဆိုင်မှုက မရပ်တန့်သေးပါဘူး ၊ ခက်ခဲတဲ့ ပြိုင်ဆိုင်မှု မှန်းလည်း သိပါတယ် ၊ ဒါပေမယ့် ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ဖို့ ယုံကြည်မှု အပြည့် ရှိပါတယ် ။ ”

” ကျနော် ယုံကြည်မှု အပြည့်နဲ့ ကစား ခဲ့တာပါ ။ ဒီနေ့ပွဲတုန်းကလိုမျိုး ဂိုးမျိုး သွင်းချင်နေတာ အတော်လေး ကြာနေပါပြီ ။ ဂိုးသမား တွေက ပုံမှန်အချိန်မှာ သူတို့ဆီ ကစားသမား တစ်ဦး ကပ်လာတာမျိုးကို သိပ် သတိမထားမိကြပါဘူး ၊ ကျနော့် အတွက်တော့ ကောင်းမွန်တဲ့ သွင်းဂိုး တစ်ဂိုးပါပဲ ၊ သဘောကျပါတယ် ။ ”


ဆက်လက်ပြီး အူဘာမီယန်း က အသင်းဖော် လာကာဇက် ဝက်ဖိုဒ့် အသင်းနဲ့ ပွဲမှာ ကစားခွင့် မရခဲ့တာနဲ့ ပတ်သက်ပြီး ” ကျနော် လာကာဇက် နဲ့ တွဲကစားရတာ သဘောကျတယ်ဆိုတာ လူတိုင်း သိကြပါတယ် ။ ကျနော်တို့ နှစ်ဦးကြားမှာ ကောင်းမွန်တဲ့ နားလည်မှု အချိတ်အဆက်တွေ ရှိပါတယ် ။ ”

” တစ်ယောက် က ကစားခွင့် ရနေတဲ့ အချိန်မှာ ကျတ်တစ်ယောက်က အရန်ခုံ ထိုင်နေရတာမျိုးလည်း ရှိပါတယ် ။ ကစားခွင့် ရတဲ့အခါ အသင်းအတွက် တိုက်ပွဲဝင် စိတ်ဓတ်နဲ့ ကစားရမှာပါ ။ ကျနော် တိုက်စစ်မှူး နှစ်ယောက် နဲ့ ကစားရတာ သဘောကျတယ်ဆိုတာ ခင်ဗျားလည်း သိမှာပါ ။ ဒါပေမယ့် အဲ့လိုပြောလိုက်ရင် နည်းပြကြီး စိတ်ဆိုးနိုင်ချေ ရှိလို့ မပြောတော့ပါဘူးဗျာ ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR
ဒီသတင်းကို ပြန်လည်ကူးယူဖော်ပြခြင်းသာဖြစ်သည်။


Comments